နေပြည်တော်၊မေ ၁
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအားပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ၃၀ ရက်နှင့် ယနေ့တို့တွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဆေးရုံလမ်းရှှိ MIXUE ရေခဲမုန့်ဆိုင်အနီး၌ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သည့် မဖြိုးစန္ဒာဦး(ဘ)ဦးကိုဉီးနှင့် မသူဇာထွေး(ဘ)ဦးမြင့်သန်း တို့အားလည်းကောင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့နေထိုင်သူတစ်ဦးအား အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့သည့် ပြည့်ဖြိုးအောင်(ဘ)ဦးသော်ဇင်နိုင်၊ မအေးအေးမူ(ဘ)ဦးဖိုးတီး၊ အောင်ကျော်စိုး(ဘ)ဦးမြတ်ထွေးနှင့် အေးနိုင်(ဘ)ဦးလှထွန်းရီတို့ ၄ ဦးအား ၎င်းတို့၏ နေအိမ်များအသီးသီး၌လည်းကောင်း၊ CDM လှုပ်ရှားမှုများအား သွေးထိုးလှုံ့ဆော်သူ တွံတေးမြို့၊ ကျွန်းတောရပ်ကွက်ရှိ ပြည်မိုး(ဘ)ဦးစိုးခိုင်အား ၎င်း၏နေအိမ်၌လည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂၅)ရပ်ကွက်၊ မြခေမာလမ်း၊ အိမ် အမှတ်(၄၃၆)ရှိ ယခင်မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးစိုးမြင့်နေအိမ်၌ ဆူပူအကြမ်းဖက် မှုတွင်အသုံးပြုသည့်ပစ္စည်းများအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီ၊ ဒလမြို့နယ်၊ မြို့မ(၄) ရပ်ကွက်နေ မျိုးဇော်ထွန်း (၄၀)နှစ်(ဘ) ဦးတင်မောင်ဝင်း၏ နေအိမ်အား သတင်းအရလုံခြုံရေး တပ်ဖွဲ့ဝင်များကဝင်ရောက်ရှာဖွေ ခဲ့ရာနေအိမ်အတွင်းမှ မျိုးဇော်ထွန်းအားယမ်းမှုန့် များထည့် ထားသည့် ထမင်းပေါင်းအိုး ၂ လုံး၊ အင်ဂျင်ဝိုင်ဘူး ၈ ဘူး၊ သတ္တုကိုယ်ထည်လက်လုပ်မိုင်း ၂ လုံး၊ အခြားဆက်စပ် ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အလားတူမေလ ၁ ရက်နေ့ နံနက် ၅ နာရီ ၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာနေ စိုးမင်းအောင် (၄၅)နှစ် (ဘ) ဦးအောင်ဝင်း၏ နေအိမ်အား သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာနေအိမ်အတွင်းမှ စိုးမင်းအောင်အားဆူပူအကြမ်း ဖက်မှုများတွင် အသုံးပြုသည့် ဒူးလေး ၂ လက်၊ ဒူးလေးကိုယ်ထည် ၁ ခု၊ စတီးပြောင်း ၂ ခု၊ ဓားရှည် ၁ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့် အတူဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။
အလားတူနံနက် ၉ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ တော်ဝင်နှင်းဆီအိမ်ရာ၊ အခန်းအမှတ် (၁၁၁)အားသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များကဝင်ရောက်ရှာဖွေခဲ့ရာအဆိုပါအခန်းတွင်းမှ ရဲထက်ထွန်း(ခ) ရဲထွန်း (၂၁)နှစ် (ဘ) ဦးထွန်းထွန်းလတ်ပါ အမျိုးသား ၆ ဦးအားတွေ့ရှိရသဖြင့် ထိန်းသိမ်းခဲ့ပြီး အခန်း အတွင်းဆက်လက်ရှာဖွေခဲ့ရာဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုသည့် ဒူး၊တံတောင်ကာ ၁ စုံ၊ ကျည်ကာအင်္ကျီ ၂ ထည်၊ ဓား ၂ ချောင်း၊ စကားပြောစက် ၁ လုံး၊ နိုင်ငံတော်ဆန့်ကျင် ရေးစာသားများပါ စာရွက် ၁၅၀ ရွက်၊ H.R.D.F စာတမ်းပါစတေကာ ၆၅ ခုနှင့် အခြားဆက်စပ် ပစ္စည်းများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြကန်သာရပ်ကွက်၊ ကျွန်းတောလမ်းရှိ ပညာရေးဒီဂရီကောလိပ်ဆိုင်းဘုတ်၌ သွေးထိုးလှုံ့ဆော်စာများလိုက်လံကပ်ခြင်း၊ ဆူပူအကြမ်း ဖက်မှုများတွင် ကိုယ်တိုင်ပါဝင်ခဲ့သူများဖြစ်သည့် ဇော်လင်းမြင့် (ခ)မင်းခန့်(ဘ) ဦးခင်မောင်သောင်း နှင့် ကျော်ထူး(ဘ)ဦးကျွပ်ခွေတို့အား မြောင်းမြမြို့နယ်၊ ဘုရားငုတ်တိုကျေးရွာ၊ မြောင်းမြ- ကုန်းသာကားလမ်းပေါ်၌လည်းကောင်း၊ မိုးကုတ်မြို့၊ ကျပ်ပြင်ဈေးရှိ ပတ္တမြားရတနာခန်းမအတွင်း၌ ဝရားမဝင်ဖွင့်လှစ်ထားသည့် ဆေးခန်းအတွင်းမှ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့်ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ မိတ္ထီလာမြို့၊ စက်မှုဇုန်(၃)လမ်းရှိ လူနေထိုင်းခြင်းမရှိသည့် အိမ်အတွင်းမှ လက်လုပ်သေနတ် ၁ လက်နှင့် အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအားလက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။