စုစုပေါင်းပိုးတွေ့လူနာ ၅၀၄ ဦး
နှစ်ကြိမ်ဆက်ပိုးမတွေ့သူ ၃၄၁ ဦး
ဆေးရုံဆင်း ၃၃၉ ဦး
သေဆုံး ၆ ဦး
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီခွဲတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ် ၃၀ ဦးထပ်တိုး လာသဖြင့် စုစုပေါင်းပိုးတွေ့လူနာ ၅၀၄ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်များတွင် (၂၄-၈-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာ၌ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)( NHL) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၇၁၈ ခုတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ်မတွေ့ရှိပါ။
(၂၄-၈-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှု များအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ပထမ+ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၁၈၃ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၉၁ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)( PHL,Mandalay) မှ ဓာတ်ခွဲနမူနာ ၉၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) (PHL,Mawlamyine) မှ ဓာတ်ခွဲနမူနာ ၁၇၆ ခုနှင့် ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲ နမူနာ ၄၆ ခု စုစုပေါင်း ၁၇၈၆ ခုအား စစ်ဆေးခဲ့သည်။
(၂၅-၈-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)( NHL) မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၆၅၅ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၃၇ ခု၊ ပြည်သူ့ကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ ၁၅၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲ မှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၁၄၉ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၇၅ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁)တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၂၀၄ ခု စုစုပေါင်း ၁၄၇၅ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၃၀ ဦးတွေ့ရှိရသည်။
(၂၅-၈-၂၀၂၀)ရက် ည ၈ နာရီခွဲအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၅၀၄ ဦးရှိပြီ ဖြစ်သည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၄၁ ဦးရှိသည်။ ၎င်းင်းတို့ အနက် ၃၃၉ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။
ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ခြောက်ဦးရှိသည်။
(၂၄-၈-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီမှ (၂၅-၈-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီ အတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် ၃၂ ဦး ရှိသည်။
ဓာတ်ခွဲစစ်ဆေးပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြု လူနာသစ် များ၏ အချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။