နေပြည်တော် သြဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သြဂုတ် ၂၄ ရက် နံနက် ၆ နာရီခန့်တွင် ထောင်စုံမဟတ် ကျေးရွာအုပ်စု၊ ချောင်းလမိုင်းကျေးရွာ၏ အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာ၌ ရပ်တန့်ထားသည့် HINO အမျိုးအစား လိုင်စင်မဲ့ ၁၀ ဘီးယာဉ်ပေါ်မှ တရားမဝင်သင်္ကန်းအမျိုးအစား သစ်ခွဲသားဆိုဒ်စုံ ၆၂ ချောင်း(ခန့်မှန်း ၁၀ တန်ခန့်)နှင့် Chain Saw နှစ်လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်၊ တရားမဝင်သစ်များနှင့် သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။