နေပြည်တော် မေ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် မေ ၂ ရက် ညနေ ၄ နာရီ ၅ မိနစ်ခန့်တွင် မုံးကျက်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၇ဝဝ ခန့် အကွာရှိ ကားလမ်းဘေး၌ မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီး ရပ်တန့်ထားသည်ကို တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ ဘိန်းဖြူမှုန့် ၁ဝ ဂရမ် ခန့်စီပါ ဆပ်ပြာခွက် ၁၁ ခွက်၊ ၁၁ဝ ဂရမ် ခန့်နှင့် ပန်းရောင်စိတ်ြ<ွကရူးသွပ်ဆေးပြား ၃၆ဝဝ ပြားတို့အား တွေ့ရှိသိမ်းဆည်း ရမိ ခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့အဝင် သုံးထပ်ကွေ့၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းတပ်ဖွဲ့ဝင် များသည် ယာဉ်ဖြတ်သန်း သွားလာမှုများ အား စစ်ဆေးဆောင်ရွက်စဉ် ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ခန္တီး-ဟုမ္မလင်း လမ်းဆုံဘက် မှ ဟုမ္မလင်းမြို့ဘက်သို့ ဦးမောင်နိုင်(ဘ)ဦးမျိုးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရာ အနက်ရောင်အိတ်အတွင်းမှ ဘိန်းဖြူမှုန့် ၁ဝ ဂရမ်ခန့်စီပါ ဆပ်ပြာခွက် ၁၁ ခွက်၊ ၁၁ဝ ဂရမ်ခန့်နှင့် အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများ၊ မော်တော် ဆိုင်ကယ်များနှင့် ဖမ်းဆီးရမိသူအား သက်ဆိုင်ရာ နယ်မြေရဲစခန်းများသို့ စနစ် တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။