ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ ဆေးပဒေသာပင် အလှူငွေပေးအပ်

နေပြည်တော်  မေ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းအတွက် ဆေးပဒေ သာပင် အလှူငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ နတ်စင်တစ်ရာဆရာတော်ဒေါက်တာဘဒ္ဒန္တပညာတေဇ ကြွရောက်တော်မူပြီး တိုင်းမှူး ဗိုလ်ချုပ်အောင်အောင် နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထို့နောက် အလှူရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ နတ်စင်တစ်ရာ ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာတေဇက ဆေးပဒေသာပင်အတွက် အလှူငွေကျပ်သိန်း ၅ဝ အား ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။