ရန်ကုန် မေ ၅
ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံ (ခုတင်-၅ဝဝ) တွင် ဆေးဝါးကုသမှု ခံယူနေသူများအတွက် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းချုပ်(YMBA)နှင့် အလှူရှင်များက တပ်မတော်ဆေးရုံ(ခုတင်-၅ဝဝ) သို့ Surgical Mask နှင့် အာဟာရကျွေးမွေးရန် ငါးမြစ်ချင်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဆေးရုံ (ခုတင်-၅ဝဝ)တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းချုပ်(YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းက လှူဒါန်းရခြင်း အကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အလှူရှင်များက Surgical Mask နှင့် အာဟာရကျွေးမွေးရန် ငါးမြစ်ချင်းများ ပေးအပ်လှူဒါန်းရာ တပ်မတော်ဆေးရုံ(ခုတင်-၅ဝဝ)တပ်မှူး ဗိုလ်မှူးချုပ် စိန်လင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် Myanmar Economic Cooperation and Development Promotion Association Co.,Ltd. မှ Mr. LI FUQUAN က Surgical Mask အခု ငါးသောင်း၊ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းချုပ်( YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းမိသားစုက ငါးမြစ်ချင်းပိဿာ ၁ဝဝ နှင့် ဗိုလ်မှူးကြီးအောင်ကျော်ဦး(ငြိမ်း) မိသားစုက ငါးမြစ်ချင်းပိဿာ ၁ဝဝ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် တပ်မတော်ဆေးရုံ (ခုတင်-၅ဝဝ)တွင် တပ်မတော်သားများသာမက ပြည်သူများကိုလည်း အခမဲ့ဆေးဝါး ကုသမှုများကို ဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း သိရသည်။