ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများအား အသုံးပြုကာ အကြမ်းဖက်မှု လုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ မေ ၆

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများအပေါ် ယုံကြည်ကာ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ ပညာသင်ကြားရေး နှစ်အလိုက် ပညာသင်ကြားပေးနိုင်ရေး ပြင်ဆင်လျက်ရှိသော ပညာရေးမှူးရုံးများ၊ အခြေခံပညာ အထက်တန်းကျောင်းများတွင် လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ထောင်ထားခြင်း၊ ဖောက်ခွဲခြင်း များကဲ့သို့ အဖျက်အမှောင့် လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်ရာတွင် မေလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စမ်းရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံးအား လည်းကောင်း၊ မွန်းလွဲ ၃ နာရီအချိန်တွင် တမူးမြို့နယ်၊ ဈေးတန်းရပ်ကွက်ရှိ မြို့နယ်စည်ပင်ရုံးအား လည်းကောင်း၊ ညနေ ၅ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲဝင်း အတွင်းအား လည်းကောင်း၊ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ တောင်ရပ်ကွက်၊ သူရိန်နန်းလမ်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းကြားရှိ စည်သွပ် စက်ရုံအား  လည်းကောင်း၊ ည ၇ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ် ရပ်ကွက်ရှိ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ လည်းကောင်း၊ ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်ရှိ အမှတ်(၈) အခြေခံပညာ မူလတန်းကျောင်းအား လည်း ကောင်း၊  ည ၇ နာရီ ၅၅ မိနစ်အချိန်တွင် ရန်ကင်းမြို့နယ်၊ (၅)ရပ်ကွက်၊ ရန်ကင်းမြို့မဈေး အနီး၌ လည်းကောင်း၊ ည ၈ နာရီအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၉) ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား လည်းကောင်း၊ ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၇)ရပ်ကွက်၊ ဒုဌဝတီလမ်း၌ လည်းကောင်း၊ ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ တိုးချဲ့ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ နံနက် ၁၀ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ နိုင်ငံခြားဘာသာ တက္ကသိုလ်အနီး၌လည်းကောင်း၊ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်ရှိ အမှတ်(၂၉) အခြေခံပညာ အထက်တန်းကျောင်းအား လည်းကောင်း၊ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ပုသိမ်ကြီးမြို့ နယ်၊ ကျီးကုန်းလမ်းဆုံမီးပွိုင့်ရှိ အချက်ပြမီးထိန်းချုပ်ရေး အဆောက်အဦအား လည်းကောင်း ဆူပူအကြမ်းဖက်သူများက လက်လုပ်ဗုံးများ၊ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ခဲ့ရာ ပေါက်ကွဲမှုများ ကြောင့် နေအိမ်အဆောက်အဦ၊ ရုံးများနှင့်  စာသင်ကျောင်းများ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး လူ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့်  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဖြစ်စဉ်၌ ဆူပူအကြမ်းဖက်သူ ၁ ဦး အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

ထို့အပြင် မေ ၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ဝမ်းတွင်းမြို့နယ်၊ ဝမ်းတွင်းဂေါက်ကွင်းအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၂၉ မိုင် ၂ ဖာလုံအနီး၌  လည်း ကောင်း၊ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်ရှိ အင်းစိန်မြို့နယ် ပညာရေးမှူးရုံး၌ လည်းကောင်း၊ ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် စမ်းချောင်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်နေ ဦးငယ်လေး (၅၆)နှစ် (ဘ)ဦးဘိုကြီး၏ နေအိမ်ခေါင်းရင်း၌ လည်းကောင်း၊ ယနေ့နံနက် ၅ နာရီအချိန်တွင် တိုးချဲ့(၃)ရပ်ကွက်၊ အောင်သုခလမ်းရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးဝင်းမြင့် ၏ နေအိမ်၌ လည်းကောင်း လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများအား တွေ့ရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အများပြည်သူအန္တရာယ်မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။    တရားမဝင် အဖွဲ့အစည်းအဖြစ်ကြေညာထားသော NUG  အဖွဲ့အနေဖြင့် နိုင်ငံတစ်ဝန်းဆူပူ အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ တိုက်တွန်းခြင်းများ ဆောင်ရွက် လျက်ရှိြပီး ယခုကဲ့သို့အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားအောင် ဆောင်ရွက်လျက်ရှိသဖြင့် အပြစ်မဲ့ပြည်သူများ အနေဖြင့် ထိတ်လန့်ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသူများအား ပြည်သူများနှင့် အတူ ပူးပေါင်း၍ ဖမ်းဆီးရမိရေးနှင့် တရားဉပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။