ရန်ကုန်တိုင်း ဒေသကြီးရှိ ဘုရား စေတီများ ဇူလိုင် ၃ဝ ရက်တွင် ပြန်လည် ဖွင့်လှစ်မည်

ရန်ကုန်၊ လူမှုရေး

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ရေးကာလ အတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ ယာယီပိတ်ထားသည့် ဘုရား၊ စေတီများ အား ဇူလိုင် ၃ဝ ရက် နံနက် ၄ နာရီမှ စ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အမိန့် ညွှန်ကြားချက်များ၊ စည်းကမ်းချက်များ နှင့်အညီ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသ ကြီး အစိုးရ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဇူလိုင် ၂၈ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ယာယီပိတ် ထားသည့် ဘုရား၊ စေတီများအား ဇူလိုင် ၃ဝရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများနှင့် သက်ဆိုင်ရာသို့လိပ်မူ ပြီးညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

''မြို့တွင်း Down Town ဧရိယာအတွင်း မှာရှိတဲ့ ဘုရား၊ စေတီတွေကို ကျွန်တော် တို့အဖွဲ့နဲ့စစ်ပြီး Down Town ဧရိယာ ပြင်ပကျတော့ သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနဲ့  သြဝါဒဆရာတော်ကြီးတွေ  စစ်ဆေးကြမှာပါ။  ရွှေတိဂုံ စေတီတော်ကတော့ ဘုရားဖူးလာရောက်သူများတဲ့ အတွက် နည်းပညာပိုင်းဆိုင်ရာတွေ လုပ်ဆောင်ရမှာ ရှိသေးတယ်။ လက်ရှိကတော့ ကမ္ဘာအေး၊ စွယ်တော်၊ ကျောက်တော်ကြီးနဲ့ ကျိုက္ကဆံလေးဆူ စစ်ပြီးပါပြီ''ဟု ရန်ကုန်တိုင်း ဒေသကြီး သာသနာ ရေးမှူးရုံးမှ  ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးက ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး Down Town ဧရိယာအတွင်းရှိ  ဘုရား၊  စေတီ များအား  ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်  လူမှုရေးဝန်ကြီးဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့မှ ကြီးကြပ်စစ်ဆေးမည် ဖြစ်ကြောင်း၊ Down Town ဧရိယာပြင်ပရှိ ဘုရား၊ စေတီများအား သက်ဆိုင်ရာခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များဖြင့် စစ်ဆေး ဆောင်ရွက် မည်ဖြစ်ကြောင်း၊  လိုက်လံ စစ်ဆေးမည့် အဖွဲ့များ စစ်ဆေးပြီးစီးမှုကို မစောင့်ဆိုင်းဘဲ ဇူလိုင် ၃ဝရက်တွင် စတင်ဖွင့်လှစ်ရန်နှင့် အဖွဲ့များ ကလည်း သတ်မှတ်ညွှန်ကြားချက် နှင့်အညီ ဆောင်ရွက် ထားရှိမှု အခြေအနေကို စစ်ဆေးရန် ညွှန်ကြားထား ကြောင်း သိရသည်။         

ဝန်းရံခ