ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်သို့ ဆေးပစ္စည်းများလှူဒါန်း

နေပြည်တော်  မေ  ၇

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆေးပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ပြုလုပ်ရာ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊   အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆေးပစ္စည်းများ လှူဒါန်းရခြင်း နှင့်ပတ်သက်၍  ရှင်းလင်း ပြောကြားပြီး ငွေကျပ် ၂၅၂ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများကို တာဝန်ရှိသူများထံ ပေးအပ် လှူဒါန်းသည်။

ထို့နောက် တိုင်းမှူးက  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 (၁၀၀)