နေပြည်တော် မေ ၇
ပြည်ပမှ ပြန်လည် ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ် (၁၀)မြို့နယ်အဆောင်၌ Quarantine ထားရှိခဲ့သည်။
ထိုသို့ Quarantine ထားရှိသည့် ပြည်ပမှပြန်လည်ဝင်ရောက်လာသူ ၇၂ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ နှာခေါင်း တို့ဖတ်၊ အာခေါင် တို့ဖတ်ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆက်လက် ဆောင်ရွက် ပေးသည်။
တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်ဆေးရုံမှ ဆေးကုသရေးအဖွဲ့က ပြည်ပမှ ပြန်လည်ဝင်ရောက် လာသူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ စစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၁၉ ရက်မှစ၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ပြည်ပမှပြန်လည်ဝင်ရောက်လာသူ ၆၇၀၃ ဦးကို စစ်ဆေးပေး ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
(၁၀၀)