ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုက်မိုင်းများအား အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ မေ ၈
    
နိုင်ငံတော်အတွင်း  ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း များအား ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။
    ထိုသို့လုပ်ဆောင်ရာတွင် မေလ ၇ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်အချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၃၀ လမ်းနှင့် ၃၈ လမ်းထောင့်ရှိ တိုင်းပညာရေးမှူးရုံးအားလည်းကောင်း၊ ည ၈ နာရီအချိန်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာ စည်တောင်ရပ်ကွက်၊ စစ်ကိုင်းလမ်းခွဲနှင့် နှင်းဆီလမ်းကြားရှိ မြဝတီဘဏ်ရှေ့အား လည်းကောင်း၊ ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာ၊ နည်းပညာတက္ကသိုလ်ကျောင်းအားလည်းကောင်း၊  ည ၈ နာရီ ၄၀ မိနစ်အချိန်တွင် အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ စစ်ကိုင်း-မန္တလေးကားလမ်းဘေးရှိ ဆက်သွယ်ရေးရုံးအားလည်းကောင်း၊  ည ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးအနီးနှင့် သပြေကုန်းကျေးရွာရှိ အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)အနီးအားလည်းကောင်း၊  ယနေ့နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ဖဆပလရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်းနှင့် အလံပြ ဘုရားလမ်းထောင့်ရှိ ယာဉ်ထိန်းမီးပွိုင့်ရုံအားလည်းကောင်း၊ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်တော်သာရပ်ကွက်အား လည်းကောင်း၊ နံနက် ၅နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ခရိုင်ဆေးရုံ ဝင်းအတွင်းအားလည်း ကောင်း၊ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ “အင်းဝ”ဘဏ်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား လည်းကောင်း၊ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံးအား လည်းကောင်း၊ နံနက် ၁၀ နာရီအချိန်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ခါနမ်ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝန်ထမ်းအိမ်ရာအား လည်းကောင်း၊ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်း  လုံခြုံရေးဆောင်ရွက် နေသည့်တပ်ဖွဲ့ဝင်များအားလည်းကောင်း၊ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလတံတား ချဉ်းကပ်လမ်းအား လည်းကောင်း အကြမ်းဖက်သမားများက လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့ကာ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ရုံး၊နေအိမ်အဆောက်အဦများ၊ မော်တော်ယာဉ်များအနည်း ငယ်ထိမှန် ပျက်စီးခဲ့ပြီး ဘဏ်လုံခြုံရေးဝန်ထမ်း ၁ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး အောင်မြေသာစံဖြစ်စဉ်၌ ပစ်ပေါက်ထွက်ပြေးခဲ့သူ ၁ ဦးအား ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
    ထို့ပြင် ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလလမ်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌   လည်းကောင်း၊ နံနက် ၇ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မ ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ လည်းကောင်း၊ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၅)ရပ်ကွက်၊ လောပိတလမ်းနှင့် ဦးရာဇတ်လမ်း ထောင့်ရှိ လူနေထိုင်ခြင်းမရှိသော ခြံအမှတ် (၈၆၁) ခြံထောင့်၌ လည်းကောင်း၊ နံနက် ၁၀ နာရီခွဲ အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်နေ ဒေါ်မို့မို့ဝင်း (၅၉)နှစ် (ဘ) ဦးထွန်းရီ ပိုင်ဆိုင်သော “ထွန်းရီ” ပန်းချီ၊ အားကစားပစ္စည်းအရောင်းဆိုင် ရှေ့ ရပ်ထားသော 2F-xxxx Toyota Belta ယာဉ်၏အောက်၌ လည်းကောင်း  အကြမ်းဖက်သမားများက လက်လုပ်မိုင်းများ ထောင်ထား ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး ပြည်သူလူထုအန္တရာယ် မရှိစေရေး အတွက် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။ 
    အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းသိရသည်။