ပြည်မြို့၊ ခေတ္တရာမြို့သစ်ရပ်ကွက်အနီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုတိုက်ခိုက် လာသူအား ခြောက်လှန့်ပစ်ခတ်

 
နေပြည်တော်၊ မေ - ၈

 
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်ကွက်လုံခြုံရေးဆောင်ရွက် လျက်ရှိ စဉ် မေ ၆ ရက် နံနက် ၂ နာရီခွဲခန့်တွင် အမည်မသိအကြမ်းဖက်သူ ၁ ဦးရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓားဖြင့်ရန်ပြုတိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးက ခြောက်လှန့်ပစ်ခတ်ခဲ့သည်။
အဆိုပါခြောက်လှန့်ပစ်ခတ်မှုကြောင့် ရန်ပြုတိုက်ခိုက်လာသူ၌ ထိခိုက်ဒဏ်ရာ ရရှိပြီး သတိလစ်မေ့မြောနေသဖြင့် ရွှေတောင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင် ဆေးကုသ မှုခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။