တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော် မေ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်၊ တနင်္သာရီတိုင်းဒေသ ကြီး၊  ထားဝယ်မြို့ရှိ ထားဝယ်တက္ကသိုလ်၊ မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ  အခြေခံပညာ အထက်တန်းကျောင်း၊    ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ခမောက်ကြီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၊  ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေကျေးရွာရှိ   အမှတ်(၂၉) အခြေခံပညာမူလတန်းကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဟင်္သာတမြို့၊ မြန်အောင်မြို့၊ ဖျာပုံမြို့၊ အိမ်မဲမြို့၊ သာပေါင်းမြို့၊ မော်လမြိုင်ကျွန်းမြို့နှင့် ကျုံပျော်မြို့များရှိ အခြေခံပညာကျောင်းများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် မေ ၇ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်  မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းဝင်းများ အတွင်း/အပြင်ရှိ  ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊   အမှိုက်များ ရှင်းလင်းခြင်း၊  ရေစီးရေလာကောင်းမွန်စေ ရေး ရေနုတ်မြောင်းများ ဖောက်လုပ်ပေးခြင်းနှင့်  စာသင်ဆောင် အတွင်း/အပြင်သန့်ရှင်း ရေးတို့အား စုပေါင်းဆောင်ရွက်ပေးပြီး ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို   သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ  တိုင်းမှူးများနှင့် တာဝန်ရှိသူများက   သွားရောက်ကြည့်ရှုအားပေးပြီး    လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း    သတင်းရရှိသည်။