ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး သင်တန်းသားများအလိုရှိသည်
၁။ လျှောက်ထားသူသည်အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) လျှောက်ထားသူသည် ၁-၆-၂ဝ၂၁ ရက်နေ့တွင် အသက် ၁၆ နှစ် ပြည့်ပြီး ၁၉ နှစ်ထက်မကြီးရ။
(ဂ) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။
(ဃ) အနည်းဆုံး အရပ်(၅)ပေ(၂)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁ဝဝ) ထက်မနည်းရ၊ ပေါင်(၁၄ဝ)ထက် မကျော်ရ။
၂။ လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal (www. myawady.net.mm/Sgt(male)) တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၀-၅-၂၀၂၁ ရက်နေ့မှ ၈-၆-၂၀၂၁ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့ လျှောက်ထားရမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)။
(ခ) တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။
(ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ် / တိုင်းဒေသကြီး / မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ(မူရင်း)။
(ဃ) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ။
(င) အိမ်ထောင်စုဝင်စာရင်း(မိတ္တူ)။
(စ) မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။
၃။ သတ်မှတ်ချက်များနှင့်ပြည့်စုံသူများအား စစ်ဌာနချုပ်များအစီအစဉ်ဖြင့် တပ်မတော်(ကြည်း)၊အမှတ်(၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းသို့ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင် မြင် သူများကို သင်တန်းသားအဖြစ် အတည်ပြုရွေးချယ်မည်။
၄။ သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ ရုံးလုပ်ငန်းဆိုင်ရာတို့အပြင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာဘာသာရပ် တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာဒီပလိုမာ Dip,C.S (Diploma in Computer Studies) ချီးမြှင့်ပေးမည်။
၅။ သင်တန်းကာလ(၂)နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် သတ်မှတ်ထားသော တပ်သားသစ်လစာ (၁၄၄ဝဝဝ)ကျပ် ကိုလည်းကောင်း၊ ခြေလျင်တပ်သားသစ်သင်တန်း ပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည် အထိ သတ်မှတ်ထားသော တပ်သားအခြေခံလစာ (၁၅ဝဝဝဝ)ကျပ် ကိုလည်းကောင်းရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း) [အခြေခံလစာ(၂၀၄ဝဝဝ)ကျပ်၊ အရည်အချင်းလစာ(၄ဝဝဝ)ကျပ်၊ M.H.R.A (၁ဝဝဝဝ)ကျပ်၊ စုစုပေါင်း (၂၁၈ဝဝဝ)ကျပ် ရရှိမည်။]
၆။ လုပ်သက် ၂ နှစ် ပြည့်သည့်အခါ အဆင့် /အတန်း တိုးမြှင့်ရေးအတွက် ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ အောင်မြင်ပါက အောက်ပါအတိုင်း အဆင့် /အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး ယှဉ်တွဲဖော်ပြပါ လစာ ၊ စရိတ်များ ရရှိမည်-
အဆင့်အတန်း အခြေခံ အရည်အချင်း M.H.R.A ပေါင်း
လစာ လစာ
(က) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ဒုတိယတန်း) ၂ဝ၄ဝဝဝ ၆ဝဝဝ ၁ဝဝဝဝ ၂၂ဝဝဝဝ
(ခ) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(ပထမတန်း) ၂ဝ၄ဝဝဝ ၈ဝဝဝ ၁ဝဝဝဝ ၂၂၂ဝဝဝ
(ဂ) ဒုတိယအရာခံဗိုလ်(စာရေး/ကွန်ပျူတာ) ၂၄ဝဝဝဝ ၈ဝဝဝ ၁ဝဝဝဝ ၂၅၈ဝဝဝ
(ဃ) အရာခံဗိုလ်(စာရေး/ကွန်ပျူတာ) ၂၅၈ဝဝဝ ၈ဝဝဝ ၁ဝဝဝဝ ၂၇၆ဝဝဝ
မှတ်ချက်။ နှစ်တိုးလစာကို ၂ နှစ်လျှင် (၂ဝဝဝ)ကျပ် နှုန်းဖြင့် (၁ဝဝဝဝ)ကျပ် အထိ ခံစားခွင့်ရှိသည်။
၇။ တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် အဆင်ပြေစွာဖြေဆိုနိုင်သည်။
၈။ ဘွဲ့ရရှိသူ တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်မှုထမ်းသက် ၆ နှစ်ပြည့်ပြီးလျှင်သော်လည်းကောင်း၊ ဘွဲ့မရ သေးသူများသည် စစ်မှုထမ်းသက် ၈ နှစ်ပြည့်ပြီးလျှင်သော်လည်းကောင်း ဗိုလ်လောင်းသင်တန်းသို့ လျှောက်ထား နိုင်သည်။
၉။ ထို့အပြင် ဘွဲ့ရရှိသူ တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်သံစစ်မှုထမ်းစာရေးအဖြစ် စိစစ်ရွေးချယ်ခံရပါက နိုင်ငံခြားရှိ မြန်မာစစ်သံ(ကြည်း ၊ ရေ ၊ လေ)ရုံးများတွင် မိသားစုနှင့်အတူသွားရောက်၍ အမှုထမ်းဆောင်နိုင်ခွင့်ရှိသည်။
မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။