အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်  မေ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊  ချင်းပြည်နယ်၊ တွန်းဇံမြို့၊ ခေါဝုန်လေဆန် ရပ်ကွက်အတွင်းရှိ လမ်းဘေးရေနုတ်မြောင်းများနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက်   ယနေ့ တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျောင်းဝင်းများ အတွင်း/အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်း လင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖောက်လုပ်ပေးခြင်း နှင့် စာသင်ဆောင်အတွင်း/အပြင်သန့်ရှင်းရေးတို့အား စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

  (၁၀၀)