အမရပူရမြို့နယ်၊ ပန်းပဲမြောက်ရပ်ရှိ ဒေသခံပြည်သူများအား ဆန်နှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ ပေးအပ်

နေပြည်တော် မေ ၁ဝ

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန် အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဟင်္သာကျေးရွာအုပ်စု၊ ပန်းပဲမြောက်ရပ်ရှိ အိမ်ထောင်စု ၄ဝဝ စုတို့အတွက် ဆန်နှင့် စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။