တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်တပ်နယ်များ၌ မြန်မာ့သိုင်းအခြေခံသင်တန်းများဖွင့်လှစ်

နေပြည်တော် မေ ၁၀

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ငူတပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များရှိ တပ်မတော်သားမိသားစုဝင် သား၊ သမီးများ၏ မြန်မာ့သိုင်းအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊  အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။  အဆိုပါ မြန်မာ့သိုင်း အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၁)ကို မေ ၂၈ ရက်အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။

အလားတူ ပဲခူးတပ်နယ်၊ ပြည်တပ်နယ်နှင့် အင်းမတပ်နယ်များရှိ တပ်မတော်သားမိသားစုဝင် သား၊ သမီးများကိုလည်း မြန်မာ့သိုင်း အခြေခံသင်တန်းများကို သက်ဆိုင်ရာတပ်နယ်များအလိုက် အသီးသီး ဖွင့်လှစ်ခဲ့ကြကြောင်း သတင်း ရရှိသည်။