ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော် မေ ၁၀

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ရှိ တပ်မတော်ကိုယ်ခံပညာနှင့်အားကစားသိပ္ပံ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်ဖြစ်သည့် ရန်ကုန်တပ်နယ်ကိုယ်စားပြု အသင်းနှင့် မင်္ဂလာဒုံတပ်နယ် ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ခုနစ်သင်း၊ အမျိုးသမီးအသင်း ခုနစ်သင်းတို့ဖြင့် မေ ၁၄ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။