အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မေ - ၁၁

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၈)အခြေခံပညာအထက်တန်း ကျောင်းနှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း ကျောင်းတို့၏ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျောင်းဝန်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်၊ ပေါင်း မြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေ ရေး ရေနုတ်မြောင်းများဖောက်လုပ်ပေးခြင်းနှင့် စာသင်ဆောင်အတွင်း၊ အပြင်သန့်ရှင်း ရေးတို့အား စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။