နေပြည်တော် သြဂုတ် ၂၆
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖွင့်လှစ်ရန်လျာထားသည့် အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၇၁၇၃ ကျောင်း ရှိသည့်အနက် COVID-19 စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်ထားသည့် အခြေခံပညာ အထက်တန်းကျောင်း စုစုပေါင်း ၆၅၂၆ ကျောင်းကို COVID-19 ရောဂါပိုး ပြည်တွင်း ကူးစက်မှုများ ရှိနေသည့်အတွက် သြဂုတ် ၂၇ ရက်မှစ၍ ယာယီပိတ်ထားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာ တင်မောင်ဝင်းထံမှ သိရသည်။