နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခွင့် ကန့်သတ်မှုကို စက်တင်ဘာ လကုန်အထိ တိုးမြှင့်သတ်မှတ်

နေပြည်တော်  သြဂုတ်  ၂၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၉-၃-၂ဝ၂ဝ ရက်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel)၏ သက်ရောက်မှုကာလကို COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၃၁-၈-၂ဝ၂ဝ ရက်   မြန်မာစံတော်ချိန် ၂၃း၅၉ နာရီအထိ တိုးမြှင့် သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင်   နိုင်ငံတကာမှလေကြောင်း ခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ များစွာအရေးပါသဖြင့် အထက်ပါ ညွှန်ကြားချက်၏ သက်ရောက်မှု ကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၃ဝ-၉-၂ဝ၂ဝ ရက် မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း     ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက   သတင်းထုတ်ပြန်ထားသည်။