ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းဘေးအနီးကျေးရွာများ အတွင်းသို့ ရေများဝင်ရောက်

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ သြဂုတ် ၂၆ ရက်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီးကျေးရွာများ အတွင်းသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာ၊ မြင်းခြံစုကျေးရွာ၊ ရေချမ်းစင်ကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာနှင့် မြစ်ကမ်းဘေးတစ်လျှောက် မြေနိမ့်ပိုင်းကျေးရွာများမှ ဒေသခံပြည်သူများသည် မိမိတို့မွေးမြူထားရှိသော ကျွဲ၊ နွားတိရစ္ဆာန်များကို   ရေမဝင်ရောက်သည့် ကုန်းမြင့်ရှိရာသို့  ယာယီပြောင်းရွှေ့လျက်ရှိသည်။

အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် လူနေအိမ်များ ပြောင်းရွှေ့ရခြင်းမရှိသေးကြောင်း သိရသည်။           ရဲဝင်းနိုင်(ညောင်ဦး)