ပုဂံဘုရားပုထိုး စေတီများနှင့် ကျိုက်ထီးရိုးစေတီတော် တို့၌ ဆေးလိပ်ငွေ့ ကင်းစင်ရေး နယ်မြေ အဖြစ် ဆောင် ရွက်မည်

ပုဂံဘုရားပုထိုး စေတီများနှင့် ကျိုက်ထီးရိုးစေတီတော် တို့၌ ဆေးလိပ်ငွေ့ ကင်းစင်ရေး နယ်မြေ အဖြစ် ဆောင် ရွက်မည်

ပုဂံဘုရားပုထိုး စေတီများနှင့် ကျိုက်ထီးရိုးစေတီတော် တို့၌ ဆေးလိပ်ငွေ့ ကင်းစင်ရေး နယ်မြေ အဖြစ် ဆောင် ရွက်မည်
ရန်ကုန်၊ ကျန်းမာရေး နိုင်ငံတစ်ဝန်း  ဘုရားစေတီများ  ပြန်လည်ဖွင့်လှစ်ခွင့် ရရှိပါက   ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ  ဘုရား ပုထိုး စေတီများနှင့်   ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တော်တို့၌ ဆေးလိပ်ငွေ့ ကင်းစင်ရေး နယ်မြေအဖြစ် ဆောင်ရွက် မည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်၏ ပြောကြားချက်အရ သိရသည်။ ဆေးလိပ်ငွေ့ကင်းစင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာ၌ လက်ရှိတွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလဖြစ် သည့်အတွက် သွားလာရေး အခက်အခဲရှိ နေသေးသောကြောင့် လှုပ်ရှားမှုများ ဆောင်ရွက်ရန် အဆင်မပြေ သေးကြောင်း၊ လတ်တလောတွင် စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်လျက်ရှိရာ ဆိုင်များ အတွင်း၌ ဆေးလိပ် မသောက်ရန် စည်းရုံး လှုံ့ဆော်မှုများ စီစဉ်လျက်ရှိသည်။     ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ  ဘုရားပုထိုးစေတီများ၌   ဆေးလိပ်ငွေ့ ကင်းစင်ရေးနယ်မြေအဖြစ် ဦးစွာ ဆောင်ရွက်ရန် ဖြစ်သော်လည်း  ဘုရားများ ပိတ်ထားသည့် အတွက် နှောင့်နှေးနေရခြင်း ဖြစ်သည်။  ပုဂံဘုရား များ၌  ဆေးလိပ်ငွေ့ ကင်းစင်ရေး ဆောင်ရွက်ပြီးပါက ဆံတော် ရှင်ကျိုက်ထီးရိုး စေတီတွင်လည်း ဆေးလိပ် ငွေ့ကင်း စင်ရေး နယ်မြေအဖြစ် ဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။ မန္တလေးမဟာ မုနိရုပ်ရှင်တော်မြတ်၊ ကျောက်တော်ကြီး ဘုရား၊ ပင်းတယလိုဏ်ဂူ၊ အင်းလေးဖောင်တော်ဦး  ဘုရားတို့၌လည်း  ဆေးလိပ်ငွေ့ ကင်းစင် ရေး ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ကျန်းမာရေး ဦးစီးဌာန၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ့ ကျန်းမာရေး ဖောင်ဒေး ရှင်းတို့  ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။