ဝေဟင်မှ မီးပုံးပျံ ပါရာမိုတာဖြင့် သစ်စေ့များ ကြဲချစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် သစ်ပင်ပေါက်ရောက်မှု နည်းပါးသည့် နေရာများနှင့် တောင်များပေါ်သို့ သစ်တောသစ်ပင်များ ပြန်လည်ဖြစ်ထွန်းလာစေရေးအတွက်  ပြင်ဦးလွင် သစ်ပင်ချစ်သူများ အဖွဲ့က ဦးဆောင်၍ မီးပုံးပျံ၊ ပါရာမိုတာဖြင့် သစ်စေ့များကြဲချ စိုက်ပျိုးခြင်းကို သြဂုတ် ၂၅ ရက်က   ဆောင်ရွက်ကြောင်း  သိရသည်။

ပြင်ဦးလွင်သစ်ပင်ချစ်သူများ အဖွဲ့သည် ယခင်က ကန်တော်ကြီးဝန်းကျင်၊ မြို့ပတ်လမ်း၊ မိုးကုတ်-ပြင်ဦးလွင်လမ်းနေရာများတွင် သစ်စေ့ချ၍ သမားရိုးကျ စိုက်ပျိုးခဲ့ကြသော်လည်း ၂၀၂၀ ပြည့်နှစ် မိုးရာသီသစ်စေ့ချ စိုက်ပျိုးနိုင်ရန် ဇွန်လမှစတင်၍ သစ်စေ့များ စုဆောင်းပြီး ၁၉ မိုင် ပေပင်ကျေးရွာတွင် မီးပုံးပျံများဖြင့် မန်ကျည်း၊ စိန်ပန်း၊ တမာ၊ထနောင်း၊ ကုက္ကို၊ စွယ်တော်၊ ကံ့ကော်၊ငု၊ ပိန္နဲ၊ ခရေ၊ သပြေဘူတ၊ ဂျပန်ပိတောက်၊ ပျဉ်းတော်သိမ်စသည့် သစ်စေ့နှစ်သိန်းကျော်ကို  ကြဲချပေးနိုင်ခဲ့သည်။ စက်တင်ဘာ ၂၇  ရက်တွင်   ဟိုလိပ်ကျေးရွာအုပ်စု၌ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များဖြင့် ပူးပေါင်း၍   မီးပုံးပျံဖြင့်  သစ်စေ့ကြဲခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)