မောင်တောဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး၊ ဘူးသီးတောင်မြို့ နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအား စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများပေးအပ်

နေပြည်တော်၊ မေ - ၁၄
    
ရခိုင်ပြည်နယ်ကောင်စီဉက္ကဌ ဒေါက်တာ အောင်ကျော်မင်း နှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး တို့သည် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မ ကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။ 
    
ထို့နောက် ရခိုင်ပြည်နယ်ကောင်စီဉက္ကဌ၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အမှတ်(၁)နယ်စပ်ကုန်သွယ်ရေးဆိပ်ခံတံတားအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရွှေဇားဟိန္ဒူကျေးရွာ ပြန်လည်နေရာချထားရေးအိမ်ယာရှိ ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားကာ ကျေးရွာအတွက်လိုအပ်လျက်ရှိသည့် သောက် သုံးရေတွင်းများ တူးဖော်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
ဆက်လက်၍ ပြည်နယ်ကောင်စီဉက္ကဌ၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် RSAC & KED Co., တို့မှ (P.P.P)စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မောင်တောနယ်စပ်- ကညင်ချောင်းစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းခွင်အား လည်းကောင်း၊ မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်၌ ကျေးလက်နေအိမ် ၂၅၉ လုံး ဆောက်လုပ်နေမှု အခြေအနေများအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
၎င်းနောက် ပြည်နယ်ကောင်စီဉက္ကဌ၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဘူးသီး တောင်မြို့၊ လမ်းမဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော် ပြီး အဆိုပါကျောင်းတိုက်ရှိ တိုက်ပွဲရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကားပြော ကြားကာ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။