ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တာဝန်လဲလှယ်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ (၁၇)ကြိမ်မြောက် ထွက်ခွာ

နေပြည်တော်၊ မေ - ၁၅

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများ အရှိန်အ အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းရှိ  ကုသရေးဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှုကြောင့် ထပ်မံ ဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်ရန် အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သောအဖွဲ့က သွားရောက် တာဝန်ထမ်းဆောင်လျက်ရှိသည်။

အဆိုပါ လှည်းကူးမြို့နယ်၊ COVID-19 ရောဂါကုသရေး ဌာန(ဖောင်ကြီး)တွင် (၁၆)ကြိမ်မြောက်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးဆရာဝန်များ ပါဝင်သော (၄၁)ဦးနှင့် လဲလှယ် ထမ်းဆောင်ရန် (၁၇)ကြိမ်မြောက် သွားရောက်တာဝန် ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် ဆေးတက္ကသိုလ်ရှိ Theater ခန်းမ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့်တာဝန်ရှိသူများက သွားရောက်တွေ့ဆုံပြီ အမှာစကားပြော ကြားသည်။

ထို့နောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ ကိုယ်စား အဖွဲ့ဝင်တစ်ဦးက သွားရောက်ရသည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် အခြေ အနေများအား ရှင်းလင်းတင်ပြကာ တိုင်းမှူးက တာဝန်ထမ်းဆောင်မည့် ဆေး ဝန်ထမ်းတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

အဆိုပါတာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၌ မေ့ဆေး ပါရဂူ ၄ ဦး၊ ရောဂါဗေဒပါရဂူ ၂ ဦး ခွဲစိတ်ပါရဂူ ၁ ဦး၊ ဓာတ်မှန်ပါရဂူ ၁ ဦး၊ ဆေးကုသမှုပါရဂူ ၇ ဦး၊ ဆေးမှူးဆရာဝန် ၅ ဦး၊ သူနာပြုအရာရှိ ၈ ဦး၊ အထက်တန်းသူနာပြု ၃ ဦး၊ ဓာတ်ခွဲကျွမ်းကျင် ၂ ဦး၊ ဓာတ်မှန်ကျွမ်းကျင် ၂ ဦး၊ ဆေးဝါးကျွမ်းကျင် ၂ ဦး၊ စုစုပေါင်း ၃၇ ဦး ပါဝင်ကာ ၎င်းတို့သည့် ရောဂါဝေဒနာခံစားနေရသော ပြည်သူများကို ကာကွယ်ကုသရန် ကိုယ်တိုင် ဆန္ဒပြုခဲ့ ကြခြင်းဖြစ်ပြီး ယနေ့နေ့လယ်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)သို့ ထွက်ခွာသွားခဲ့ကြောင်း သတင်း ရရှိသည်။