မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်းသာယာစွာနေထိုင်နိုင်စေရေးနှင့် ရပ်ရွာအေးချမ်းသာယာမှုရှိစေရေးတို့ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ်လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်  မေ  ၁၅

မတရားအသင်း ကြေညာထားသော NUG အမည်ခံပြည်ပြေးအစိုးရနှင့် CRPH အမည်ခံ ပြည်ပြေးလွှတ်တော် ကော်မတီတို့၏ထောက်ပံ့မှုနှင့် ဆူပူအကြမ်းဖက်သူများကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူ တို့၏လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို ပျက်ပြားစေရန် ဆောင်ရွက်နေမှု များကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင် များဖြင့်ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှစတင်၍ လုံခြုံရေးအား နေ့ညမပြတ် ပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လည်း မိဘပြည်သူများအနေဖြင့် စိတ်အေး ချမ်းသာယာစွာ နေထိုင်နိုင်စေရေး၊ ရပ်ရွာအေးချမ်းသာယာမှုရှိစေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်း ဆောင်ပေးသွားမည်ဖြစ်ကြောင်း  သတင်း ရရှိသည်။

(၁၀၀)