နေပြည်တော်၊ မေ - ၁၆
ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲဖြစ်ပေါ်လျက်ရှိကာ သီးနှံများပျက်ဆီးဆုံးရှုံး နိုင်သည့်အခြေ အနေများ ဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီ သီးနှံ များအား ဝယ်ယူပေးလျက်ရှိသည်။
ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင် သည့်ဈေးနှုန်းဖြင့် ကြက်သွန်နီ ၂၉၂၇၆ ပိဿာကို ဝယ်ယူပေးခဲ့ပြီး ဒေသခံတောင် သူများ၏ အခက်အခဲများအပေါ်မူတည်၍ သီးနှံများကို ဆက်လက်ဝယ်ယူ ပေး သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။