နေပြည်တော် မေ ၁၉
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား COVID-19ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက် ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ်(၁ဝ)မြို့နယ် အဆောင်၌ Quarantine ထားရှိခဲ့သည်။
ထိုသို့ Quarantine ထားရှိသည့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၈ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆက်လက် ဆောင်ရွက်ပေးသည်။
တိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော် ဆေးရုံမှ ဆေးကုသရေးအဖွဲ့က ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား COVID-19 ရောဂါနှင့် ပတ်သက်၍ စစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၁၉ ရက်မှစ၍ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ပြည်ပမှပြန်လည် ဝင်ရောက်လာသူ ၆၉၄၉ ဦးကို စစ်ဆေးပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။