လားရှိုးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား တွေဆုံ၊ စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ မေ - ၂၁
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ တာပုံစစ်မှုထမ်းဟောင်းအိမ်ယာ၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၂၀)၊ ဆုံကွယ်ကျေးရွာအုပ်စုနှင့်  ခေးနင်းအဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာတို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် နိုင်ငံတော်နှင့်တပ်မတော် အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက အဆိုပါစစ်မှုထမ်းဟောင်းအိမ်ရာများနှင့် နယ်မြေခံတပ်ရင်းခန်းမတို့၌ သွားရောက်တွေ့ဆုံသည်။
    
တွေ့ဆုံပွဲများတွင် တိုင်းမှူးက အမှာစကားများပြောကြား၍ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။