ပုသိမ်မြို့၊ နိဂြောဓါရုံညောင်ပင်သာပရိယတိ္တစာသင်တိုက် ပဓာနနာယက ဆရာတော် ၏ အဘိဓဇမဟာရဌဂုရုဘွဲ့ ပူဇော်ပွဲပြုလုပ်

နေပြည်တော်၊ မေ - ၂၂
    
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နိဂြောဓါရုံညောင်ပင်သာပရိယတိ္တစာသင် တိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိဿုတ၏ အဘိဓဇ မဟာရဌဂုရုဘွဲ့ ပူဇော်ပွဲကို ယနေ့တွင် အဆိုပါစာသင်တိုက်၌ ပြုလုပ်ရာ နိဂြောဓါရုံညောင်ပင်သာ ပရိယတိ္တ စာသင်တိုက် ပဓာနနာယက ဆရာတော် အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိဂြောဓါရုံညောင်ပင်သာ ပရိယတိ္တစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
    
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိဂြောဓါရုံ ညောင်ပင်သာပရိယတိ္တစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။