ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ စတော်ဘယ်ရီ စိုက်ပျိုးတောင်သူများ ဈေးကောင်းရရှိရန် အတွက် ပုံမှန်စိုက်ပျိုးချိန်ထက် စော၍ စိုက်ပျိုးလျက် ရှိကြောင်း စတော်ဘယ်ရီ စိုက်ပျိုးတောင်သူများထံမှ သိရသည်။
စတော်ဘယ်ရီ စိုက်ပျိုးရာတွင် တစ်ဧကလျှင် အပင်ပေါင်း ၆ဝဝဝဝ မှ ၇ဝဝဝဝအထိ စိုက်ပျိုးနိုင်ပြီး မြေပြင်ခြင်း၊ မြေသြဇာ၊အလုပ်သမား၊ ပိုးသတ်ဆေးဖိုးများ အပါအဝင် စုစုပေါင်း ၁ဝ သိန်းခန့် ကုန်ကျကြောင်း၊ တောင်သူများအနေဖြင့် ထိုင်ဝမ်လိပ်ပြာမျိုး၊ ဂျပန်မျိုးနှင့် ဒေသမျိုးတို့ကို စိုက်ပျိုးလျက်ရှိသည်။
စတော်ဘယ်ရီစိုက်ပျိုးရာတွင် ဒေသအလိုက် သင့်လျော်သော အထွက်နှုန်း ကောင်းသည့်မျိုးများ ရွေးချယ်စိုက်ပျိုးကြရာ ယခုအခါ ဈေးကောင်းရရှိရန်အတွက် ဇူလိုင်လတွင် ဧကပေါင်း ၁ဝ ဧကစတင် စိုက်ပျိုးပြီး နိုဝင်ဘာလခူးဆွတ်ချိန်တွင် ဈေးပေါလျှင်တစ်ခြင်း ငွေကျပ် ၁၅ဝဝ ရရှိပြီး ဈေးကောင်းရချိန်တွင် တစ်ခြင်းလျှင် ငွေကျပ် ၆ဝဝဝ အထိ ရရှိကြောင်း သိရသည်။