ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ မီးလောင်မှု ဖြစ်ပွား

နေပြည်တော်၊ သြဂုတ် - ၂၈
    
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအခြေခံပညာအထက်တန်း အား ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မိုးကြိုးပစ်ခံရမှုကြောင့် ဝါယာရှော့ဖြစ်ပြီး မီးလောင် မှုဖြစ်ပွားခဲ့သည်။ မီးလောင်ရာသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကြာအင်းဆိပ်ကြီးတပ်နယ်မှ တပ်မတော်သားများက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့်ပူးပေါင်း ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။
    
မီးလောင်မှုကြောင့် အလျား၂၂၀ ပေ၊ အနံ ၃၀ ပေ၊ ပျဉ်းကတိုးကွန်ကရစ်ကျောင်း ဆောင်အဆောက်အဦတစ်လုံးနှင့် ကျောင်းသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိသည်။