ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေဂိတ်၌ လက်နက်ခဲယမ်းများဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၂၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသည့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ် ဖြတ်သန်းသွားလာမှု များအား စစ်ဆေးဆောင်ရွက်စဉ် မေ ၂၇ ရက် နေ့လယ်ပိုင်းတွင် ဘီးလင်းမြို့နယ် ဘက်မှ သိမ်ဇရပ်မြို့ဘက်သို့ အောင်ဖြိုးမင်း(ခ)ညီညီ မောင်းနှင်ပြီး ချမ်းမြေ့ဝင်းနှင့် သန့်ဇင်အောင်တို့ စီးနင်းလိုက်ပါလာသည့် Forland အမျိုးအစား မော်တော်ယာဉ် အမှတ်၊ 3P/-— ကျောက်သယ်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ၎င်းယာဉ်ပေါ်မှ M-16 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ပွိုင့်-၃၀ ကာဘိုင် ၁ လက်၊ RPG ၁ လက်၊ Glock အမျိုး အစား ပစ္စတို ၁ လက်၊ M-16 ကျည်အိမ် ၂ ခု၊ ကာဘိုင်ကျည်အိမ် ၁ ခု၊ ပစ္စတိုကျည်အိမ် ၁ ခု၊ RPG ဒုံးသီး ၁၄ လုံး၊ ပို့ကျည် ၁၄ တောင့်၊ လက်နက်ငယ် ကျည် ၃၅ တောင့်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါ လက်နက်၊ ခဲယမ်းများ၊ မော်တော်ယာဉ်နှင့် ဖမ်းဆီးရမိသူများအား ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။