အလိုတော်ပြည့် ကျောင်းတိုက်မှ လှူဒါန်းသော COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများ တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေး

ရန်ကုန်  သြဂုတ်  ၂၈

ရခိုင်ပြည်နယ်အတွင်း  Coronavirus   Disease  2019 (COVID-19)  ရောဂါဓာတ်ခွဲ အတည်ပြုလူနာတွေ့ရှိမှု ပိုမိုများပြား လာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက်များ၏ အဓိပတိဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မဟာသဒ္ဓမ္မဇောတိကဓဇမှ COVID-19 ရောဂါ ကာကွယ်ကုသရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းများကို လှူဒါန်းရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်မှ     တပ်မတော်လေယာဉ်ဖြင့်  စစ်တွေမြို့သို့ ပို့ဆောင်ပေးကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုသည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိဆရာတော်  အဂ္ဂမဟာပဏ္ဍိတ     အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာသဒ္ဓမ္မဇောတိကဓဇမှ ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါကာကွယ် ကုသရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စစ်တွေမြို့ အလိုတော်ပြည့် ကျောင်းတိုက်မှ ဆရာတော် ဦးပညာဇောတနှင့် ရခိုင်ပြည်နယ် မေတ္တာအာရီယန်ဖောင်ဒေးရှင်း     အတွင်းရေးမှူး ဦးတင်ငြိမ်းဦးတို့ထံသို့ COVID-19 ရောဂါကာကွယ် ကုသရေးနှင့် ထိန်းချုပ်ရေး ပစ္စည်းများကို ပေးပို့လှူဒါန်းခြင်းဖြစ်သည်။

အဆိုပါလှူဒါန်းမှုတွင်   တပ်မတော် ပို့ဆောင်ရေး လေယာဉ်နှင့်အတူ COVID-19 ရောဂါကာကွယ် ကုသရေးနှင့် ထိန်းချုပ်ရေး ပစ္စည်းများဖြစ်သော Erssdo(FST- 767) ကျောပိုးအိတ်(စက်အပါ)အလုံး ၂ဝ လုံး၊ ဆေးဖျန်းစက်ကြီး (လက်လုပ်တီထွင်)ငါးလုံး၊ PPE ဝတ်စုံ ၅ဝ စုံ၊ MMK BLEACH ပိုးသတ်ဆေးရည်ဂါလန် ၁ဝဝ၊ ကော်ဇောလိပ်ကိုးလိပ် စသောပစ္စည်းများ အပါအဝင် စုစုပေါင်း အလေးချိန်  ၁၂ဝဝ ကီလိုဂရမ်ရှိသည်။  ထို့ပြင် စစ်တွေ တပ်နယ်များသို့ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ သယ်ဆောင်သွားကြောင်း သိရသည်။