ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် အိမ်တွင်း လက်မှုလုပ်ငန်းဖြစ်သော အလှဆောင်း ဝါးခမောက်များ ရောင်းအားကောင်းနေပြီး ဈေးကောင်း ရရှိကြောင်း သိရသည်။
သို့ရာတွင် ဝါးခမောက်ပြုလုပ်ရာ၌ အဓိက အသုံးပြုရသော ကုန်ကြမ်းပစ္စည်းတချို့ ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း သိရသည်။
ပွင့်လင်းရာသီတွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ရှိ ရှင်သီဝလိခြေတော်ရာ စေတီ၊ စပ်လဲရေတံခွန် စသည့်အထင်ကရနေရာများသို့ ခရီးသွားများ လာရောက် လည်ပတ်ကြပြီး အလှဆောင်း ဝါးခမောက်များ ဝယ်ယူကြသဖြင့် ရောင်းအားကောင်းလေ့ရှိသည်။
အဆိုပါ ဝါးခမောက်ချုပ်လုပ်သားတစ်ဦးလျှင် တစ်ရက်ပုံမှန်ဝင်ငွေ ငွေကျပ် ၆ဝဝဝ ခန့်ရရှိပြီး ယခုကဲ့သို့ အလှဆောင်း ဝါးခမောက်များ ရောင်းအားကောင်းသော ကာလများတွင် ၎င်းတို့၏ မိသားစုများ စားဝတ်နေရေး အဆင်ပြေမှုရှိကြောင်း သိရသည်။