နေပြည်တော်၊ သြဂုတ် - ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့၊ ခတ္တိယရပ်ကွက်နှင့် တောင်(၂)ရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ တာဝန်ရှိသူများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။
ထိုသို့ပေးအပ်ရာတွင် အဆိုပါရပ်ကွက်များမှ မြသိန်းတန် ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့် အိမ်ထောင်စု ၂၆ စု၊ လူဦးရေ ၈၅ ဦးကိုလည်းကောင်း၊ မဟာအတုလနန္ဒဘုရားကြီးရှိ အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၅၃ ဦးကိုလည်းကောင်း၊ တောင်လတ်ကြီးဘုရားရှိ အိမ်ထောင်စု ၃၀ စု၊ လူဦးရေ ၁၁၃ ဦးကို လည်းကောင်း ပန်းတောင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး စိုးမင်းဆွေနှင့် အဖွဲ့ဝင်များက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ သွားရောက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။