မိုင်းပန်မြို့နယ်ရှိ မဟာမမ္ဘောဇပြည်ငြိမ်းအေး စေတီတော်၊ ကျေးသီးမြို့ရှိ အခြေခံပညာကျောင်း နှင့် ဘုတ်ပြင်းမြို့ရှိ ရာဇာမုနိဘုရား စေတီတော်တို့၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၂၉

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်းရှိ မဟာမမ္ဘောဇပြည်ငြိမ်းအေး စေတီတော်မြတ်ကြီး ရင်ပြင်နှင့် ပတ်ဝန်းကျင် နေရာများ၌ လည်းကောင်း၊ ကျေးသီးမြို့၊ မြို့မ အခြေခံပညာ အထက်တန်းကျောင်း အတွင်၊ အပြင်၌ လည်းကောင်း ယနေ့နံနက်ပိုင်းတွင် အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်း မြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်း ခြင်းနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ရှိ ရာဇာမုနိဘုရား စေတီတော်၏ ရင်ပြင်တော်နှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ဘုတ်ပြင်းတပ်နယ်မှ တပ်မတော်သားများက ဘုရားရင်ပြင် တော်နှင့် စောင်းတန်း တစ်လျှောက် သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စေတီတော် ပတ်ဝန်ကျင်ရှိ ချုံနွယ်ပေါင်းမြက်များအား ခုတ်ထွင် ရှင်းလင်းခြင်းတို့ကို စုပေါင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။