လားရှိုးမြို့ရှိ 'ဝ'မိဘမဲ့ရိပ်သာနှင့် ခါနန် AG လူမျိုးပေါင်းစုံအလင်းအိမ် မိဘမဲ့ဂေဟာများ အတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥများ၊ အားကစား ပစ္စည်းများနှင့် နှာခေါင်းစည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၂၉

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၁)နယ်မြေ(၄)ရှိ 'ဝ'မိဘမဲ့ ရိပ်သာသို့ ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး နှင့် အဖွဲ့ဝင်များက သွားရောက်၍ 'ဝ'မိဘမဲ့ ရိပ်သာအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥများ၊ အားကစား ပစ္စည်းများနှင့် COVID-19 ရောဂါကာကွယ်ရေး အတွက် နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းရာ 'ဝ'မိဘမဲ့ရိပ်သာ တာဝန်ခံ ဦးညီဆန်း က လက်ခံရယူသည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့၊ ရပ်ကွက်(၁)နယ်မြေ(၉)ရှိ ခါနန် AG လူမျိုးပေါင်းစုံ အလင်းအိမ် မိဘမဲ့ဂေဟာသို့ သွားရောက်၍ အဆိုပါမိဘမဲ့ ဂေဟာအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥများ၊ အားကစားပစ္စည်းများနှင့် COVID-19 ရောဂါကာကွယ်ရေး အတွက် နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းရာ မိဘမဲ့ဂေဟာ တာဝန်ခံ ဒေါ်လူတောင် က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။