နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲများ ပေးအပ်

နေပြည်တော်၊ သြဂုတ် - ၂၉

  နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များသို့ ဆန်၊ ဆီ၊ ပဲ၊ ဆား များ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင် များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

   ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက်  ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင် များအား ဆန်၊ ဆီ၊ ဆား၊ ပဲ များကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။