ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်မည့် AFC Cup အာဆီယံဇုန် အုပ်စု(ဇ) လက်ကျန်ပွဲစဉ်များအတွက် အိမ်ရှင်နိုင်ငံကို မထုတ်ပြန်နိုင်သေး

ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်ရမည့် AFC Cup အာဆီယံဇုန်  အုပ်စု(ဇ) လက်ကျန်ပွဲစဉ်များအတွက် အိမ်ရှင်နိုင်ငံကို အာရှဘောလုံး အဖွဲ့ချုပ်မှ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးကြောင်း ရှမ်းယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ ဦးအောင်ကျော်ကျော်က ပြောသည်။

ဃဥဠှီု-၁၉ ရောဂါကြောင့် ယခုနှစ် COVID-19 ပြိုင်ပွဲကို ယခင် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်အစား သင့်လျော်သည့် အိမ်ရှင်နိုင်ငံ တစ်နိုင်ငံစီ ရွေးချယ်ကျင်းပရန် အာရှဘောလုံးအဖွဲ့ချုပ်က ပဏာမဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ပြီးခဲ့သည့် ရက်ပိုင်းက အာရှဘောလုံးအဖွဲ့ချုပ်သည် ရန်ကုန်ယူနိုက်တက်အသင်း ပါဝင်သည့်    အာဆီယံဇုန် အုပ်စု(စ)နှင့် အုပ်စု(ဆ)ပွဲစဉ်တို့ကို ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်မည့် အုပ်စု(ဇ) ပွဲစဉ်များအတွက် ကျင်းပမည့် အိမ်ရှင်နိုင်ငံကို သြဂုတ်လဆန်းအထိ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

“COVID-19 အုပ်စု(ဇ)လက်ကျန် ပွဲစဉ်အတွက် အိမ်ရှင်နိုင်ငံကို ဘယ်မှာလုပ်မယ်ဆိုတာ အာရှဘောလုံးအဖွဲ့ချုပ်က မထုတ်ပြန်သေးပါဘူး။ အုပ်စုတွင်းမှာတော့ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စိတ်ဝင်စားမှုရှိကြောင်း အကြောင်းပြန်ထားပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဘောလုံးပွဲပြုလုပ်ဖို့ တရားဝင်ခွင့်ပြုချက် မရသေးတဲ့အတွက်  အခက်အခဲရှိပါတယ်”ဟု ဦးအောင်ကျော်ကျော်က ပြောသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် AFC Cup ပြိုင်ပွဲ အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲစဉ်များကို စက်တင်ဘာလအတွင်း ကျင်းပရန်လျာထားသည်။

ရှမ်းယူနိုက်တက် အသင်းသည် အာဆီယံဇုန် အုပ်စု(ဇ)ပွဲစဉ်တွင် စင်ကာပူကလပ် တန်ပိုင်းစ်ရိုဗာ၊ ဖိလစ်ပိုင်ကလပ် ခါရာနှင့် အင်ဒိုနီးရှားကလပ်   မာကာဆာတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။               

ကိုရဲ