မြို့နယ်အချို့၌ လက်လုပ်သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ ဇွန် ၁၁

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့မှ လက်လုပ်သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

ထိုသို့အပ်နှံခဲ့ရာတွင် ဇွန်လ ၉ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က ဧရာ၀တီ တိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ သင်္ဃန်းဒေါင့်ကျေးရွာအုပ်စုမှ လက်လုပ်လေသေနတ် ၈ လက်အား လည်းကောင်း၊ အလားတူ ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ရေကြည်မြို့နယ်၊ သံတင်း ကျေးရွာနှင့့်် ဝက်ရုပ်ကျေးရွာတို့မှ လက်လုပ်လေ သေနတ် ၅ လက်အားလည်းကောင်း၊ ကျောင်းကုန်း မြို့နယ်၊ ကံကလေးကျေးရွာအုပ်စုမှ လက်လုပ်လေသေနတ် ၅ လက်အားလည်းကောင်း၊ အင်္ဂပူမြို့နယ်၊ သပြေပင်ကျေးရွာအုပ်စုမှ လက်လုပ်လေသေနတ် ၄ လက်၊ ဒူးလေး ၂ လက်၊ မြှားတံ ၇ ချောင်းတို့အား လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အသီးသီးလာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ် သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စနစ်တကျ လက်ခံရယူခဲ့ပြီး သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။