ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၁

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကို ယနေ့မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်ရှိ ဘောလုံး အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစားအသင်းများ တက် ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်ဖြစ်သည့် တိုက်ကြီးတပ်နယ်ကိုယ်စားပြု အသင်းနှင့် မင်္ဂလာဒုံတပ်နယ်ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါတိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင်အသင်း(၁၆)သင်းဖြင့် ဇူလိုင် ၂ ရက်ထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။