အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၃
    
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အခြေခံပညာ‌ ကျောင်းများ၌ တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံတပ်မတော်သားများနှင့် မိသား စုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ မြို့ရှိ အခြေခံပညာကျောင်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတို့၌  ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင် ဆောင်အတွင်း၊ အပြင်သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများတူးပေးခြင်း၊ ခြင်ဆေးဖျန်းခြင်းများနှင့် ABATE ဆေးခတ်ခြင်း တို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။