တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့ရှိ ဘုရား၊ စေတီပုထိုးများ၊ ဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်း သာစွာဝတ်ပြုကြည်ညိုလျက်ရှိ

နေပြည်တော်  ဇွန်  ၁၃

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့ရှိ ဘုရား၊ စေတီပုထိုးများ၊ ဘာသာရေး ကျောင်းများအား COVID-19 စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင်လည်း ဗုဒ္ဓဘာသာ ဘုရား၊ စေတီ၊ ကျောင်းကန်များ၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များ၏ ဘာသာအလိုက်ဘာသာရေးကျောင်းများ၊ ဝတ်ပြုကျောင်းများတွင် သက်ဆိုင်ရာ ဘာသာဝင်များက လာရောက်၍ စိတ်အေး ချမ်းသာစွာ  ဝတ်ပြုဆုတောင်းမှုများ ဆောင်ရွက်လျက်ရှိကြသည်။

ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများအပါအဝင် အခြား မြို့ကြီးများတွင် ပန်းခြံများ၊ ကစားကွင်းများနှင့် ပြတိုက်များကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာအပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် ဈေးများ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများကို  တည်ငြိမ် အေးချမ်းစွာဖြင့်   ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက်ရှိကြောင်း   သတင်းရရှိသည်။ 

(၁၀၀)