ကျိုင်းတုံမြို့ရှိ သစ်တစ်ပင်တောင် ရှေးဟောင်းစေတီတော် ၂ ဆူအား အနေကဇာတင်လှူပူဇော်

နေပြည်တော်  ဇွန်  ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သစ်တစ်ပင်တောင် ရှေးဟောင်းစေတီတော် ၂ ဆူအား အနေကဇာတင်လှူပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသစ်တစ်ပင်တောင်၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်အလှူရှင်များနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ သံသရာအေး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ’ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြသည်။ ထို့နောက် တိုင်းမှူးနှင့်အလှူရှင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ   ဆက်ကပ်လှူဒါန်းကြပြီး သာသနာ့ဝေပုလ’ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝီဇယထံမှ သာဓုအနုမောဒနာတရား နာယူကြကာ ရေစက်သွန်းချအမျှပေးဝေကြသည်။ ၎င်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက သံဃာတော်များအား  အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း  သတင်းရရှိသည်။

(၁၀၀)