မြို့နယ်အချို့၌ လက်လုပ်သေနတ်များအား ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ ဇွန် ၁၄

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့မှ ပြည်သူ လူထုများက ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်များအား ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံကြောင်း သိရသည်။

ထိုသို့အပ်နှံခဲ့ရာတွင် ဇွန်လ ၁၃ ရက် တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆိတ်ဖူးကျင်းကျေးရွာနေ ပြည်သူတစ်ဦးမှ လက်လုပ်လေသေနတ် ၁ လက်နှင့် မြှား ၄ ချောင်းအား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ရေနောက်ကျေးရွာမှ လက်လုပ်လေသေနတ် ၁ လက်အား လည်းကောင်း၊ ငပုတောမြို့နယ်၊ ကျောက်ချောင်းကျေးရွာအုပ်စုမှ လက်လုပ်လေသေနတ် ၁ လက် လည်းကောင်း၊ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ နယ်၊ ကျောက်ချောင်းကျေးရွာအုပ်စုမှ လက်လုပ်သေနတ် ၁ လက် အားလည်းကောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ထပ်ထွေးကျေးရွာမှ တူမီးသေနတ် ၄ လက်နှင့် ဖနိုင်ကျေးရွာ မှ တူမီးသေနတ် ၆ လက်အား လည်းကောင်း ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ ပြည်သူလူထု လာရောက်အပ်နှံသော လက်လုပ်သေနတ်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ စနစ်တကျ လက်ခံရယူခဲ့ပြီး သိမ်းဆည်းထားရှိ ကြောင်း သတင်းရရှိသည်။