အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော စာအောင်သံဃာတော် များအား စာအောင်လက်မှတ်များနှင့် နေ့ဆွမ်းဆက်ကပ်

နေပြည်တော်၊ ဇွန် - ၁၅

ပဲခူးတိုင်းတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ အုတ်တွင်းစာဖြေဌာန၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်းနှင့် စူဠဘွဲ့နှင်းသဘင်ကို ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းကျောင်းတိုက်၌ ပြုလုပ်ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိသာရဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အုတ်တွင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် ရဲကျော်ကျော် နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ တပ်နယ်မှူးနှင့် တက်ရောက်လာကြသူများက မြို့နယ်သံဃနာယက ဉက္ကဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များနာယူကြသည်။

ထို့နောက် အစိုးရပါဠိပထမပြန်စားမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော် ၇၈ ပါးကို တပ်နယ်မှူးနှင့် တာဝန်ရှိသူများက စာအောင်ဆုနှင့် နဝကမ္မ အလှူငွေများဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူ ဒါန်းခဲ့ကြောင်း သတင်းရရှိသည်။