ကျောက်ကြီးမြို့နယ်၊ သာစည်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စုပေါင်း သန့်ရှင်းရေးပြုလုပ် 

နေပြည်တော်၊ သြဂုတ် - ၃၀
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ဘုန်းတော်ကြီးကျောင်းများ ပတ်ဝန်းကျင်သန့်ရှင်း သာယာမှုရှိစေရေးနှင့်ခြင်အန္တရာယ်ကင်းဝေးစေရေးတို့အတွက် ယနေ့တွင်  ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သာစည်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကျောက်ကြီးတပ်နယ်မှ တပ်မတော်သားများက ကျောင်းဝင်း အတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂ များနေရာချထားပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။