နေပြည်တော် သြဂုတ် ၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် သြဂုတ် ၃ ရက် ည ၈ နာရီခန့်တွင် ကျွန်းစုမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၄၀ ခန့်အကွာ၌ ဦးနောင်ခဲ (ဘ) ဦးသန်းရွှေ အပါအဝင် အမျိုးသား လေးဦးနှင့်အတူ တရားမဝင် တောသစ်လုံးပိုင်းဆိုဒ်စုံ ၉ တန်ခန့် တင်ဆောင်ထားသည့် သစ်ခိုးလှေတစ်စင်းကို လည်းကောင်း၊ ၎င်းနေရာအနီးတစ်ဝိုက်မှ တရားမဝင် တောသစ်လုံးပိုင်းဆိုဒ်စုံ ၇ တန်ခန့် တင်ဆောင်ထားသည့် လှေတစ်စင်းကိုလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။
အဆိုပါလှေများ၊ သစ်များနှင့် ဖမ်းဆီးရမိသူများကို ကျွန်းစုမြို့ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။